Yannick Borit ၏ အင်းသား ရုပ်ရှင်ဇာတ်လမ်း

ပြင်သစ်ယဉ်ကျေးမူဌာန တွင် အထူးအစီအစဉ် အဖြစ် တင်ဆက် ပြသမည်။

အသက် ၂၄ နှစ် အရွယ် အင်းလေး ဒေသမှ ဦး Eyndawuda ဟာဘုန်းကြီးဘ၀ကိုစွန့်လွှတ်ပြီးအချိန်ကာလအတန်အကြာ လူဝတ်လဲခဲ့ပါတယ်။ ပြီးနောက် သူ့သူငယ်ချင်းဆရာဝန် တစ်ယောက်ကိုကူညီဖို့ ဆေးရုံတစ်ရုံမှာသွားရောက် အလုပ်လုပ်ခဲ့ပြန်တယ်။ အလုပ်လုပ်နေရင်းတစ်နေ့မှာ လှပတဲ့ အမျိုးသမီးတစ်ဦးရဲ့ အပြုံးတစ်ပွင့်ကြောင့် ဘ၀မှာ ပထမဆုံး ရင်ခုန်ခဲ့ရတယ်။ ကံမကောင်းစွာနဲ့ သူမမှာ သူ့ထက်ဦးတဲ့သူရှိပြီးသားဖြစ်နေတယ်။ တစ်နှစ်အကြာမှာ လူဝတ်ကြောင်ဘ၀ကိုစွန့်ပြီး ဘုန်းကြီးဘ၀ကို ပြန်လည်အသက်သွင်းကာ ရွာသူရွာသားများအကူအညီနဲ့ စွန့်ပစ်ခံကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။
JPEG

အစီအစဉ်-

၂၀၁၃ ခုနှစ် မေလ (၃၁) ရက်နေ့ ညနေ ၆နာရီခွဲ

ဝင်ကြေး အခမဲ့

ပြင်သစ်ယဉ်ကျေးမူဌာန (Institut Français de Birmanie)
အမှတ်(၃၄၀)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ရေးသားသည့်ရက်စွဲ 21/05/2013

အထက်ဆုံးစာမျက်နှာသို့