ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ကြေငြာချက်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ လေးဆယ်ကို ပိတ်ပင်ရန် မြန်မာစစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ပြင်သစ်နိုင်ငံက ရှုတ်ချလိုက်သည်။

ဤတားမြစ်ချက်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့်ပတ်သက်၍ ဆုတ်ယုတ်မှုအသစ်တစ်ခုဖြစ်ပြီး ၂၀၂၁- ခုနှစ် ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို စနစ်တကျ ဖျက်သိမ်းရေး ဗျူဟာကို သက်သေထူလိုက်ခြင်းဖြစ်သည်။

အကျပ်အတည်းအဆုံးသတ်ရန် မရှိမဖြစ်လိုအပ်သည့် ဒီမိုကရေစီ အတိုက်အခံများပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု့ ထူထောင်ရေးသည် အရေးကြီးပါကြောင်း ပြင်သစ်နိုင်ငံက ပြန်လည်ထောက်ပြလိုပြီး မြန်မာလူထု၏ ဆန္ဒကို နားထောင်ရန် စစ်အစိုးရ၏ ငြင်းဆန်မှုကို ရှုတ်ချလိုက်သည်။

ပြင်သစ်နိုင်ငံသည် တရားမျှတမှုနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရာတွင် မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။

ရေးသားသည့်ရက်စွဲ 04/04/2023

အထက်ဆုံးစာမျက်နှာသို့