လိုင်ဇာမြို့တွင်ရှိသည့် စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းဖြင့် တိုက်ခိုက်မှု့ပြုလုပ်ခြင်းကို ပြင်သစ်နိုင်ငံက ရှုတ်ချခြင်း (အောက်တိုဘာလ-၁၀ ရက်၊ ၂၀၂၃-ခုနှစ်)

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည် စခန်းတခုကို မနေ့က လေကြောင်းဖြင့် တိုက်ခိုက်မှု့ ကြောင့် လူများဒါဇင်နဲ့ချီ သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်အတွက် ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်။ အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ ဥပဒေကို မြန်မာ့လုံခြုံရေး တပ်ဖွဲ့များက လုံးဝဂရုမစိုက်ကြောင်း ထပ်မံသက်သေပြလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်မှု့ ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပါဝင်သက်ဆိုင်သူအားလုံးအကြား တွေ့ဆုံဆွေးနွေးမှု့ ပြုလုပ်ရေးပါဝင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ပြင်သစ်က ထပ်လောင်း တောင်းဆိုလိုက်သည်။ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အတွက် အချက်ငါးချက်ပါဝင်သည့် ဘုံသဘောတူညီမှု့ ကိုအကောင်အထည်ဖော်ရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှု့များကို ပြင်သစ်နိုင်ငံက ထောက်ခံပါကြောင်း ထပ်လောင်းအသိပေးလိုက်သည်။

ပြင်သစ်သည် ၎င်း၏ ဥရောပမိတ်ဖက်များနှင့်အတူ အာဏာသိမ်းမှု့မှ ထွက်ပေါ်လာသော စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေပြီး စစ်အစိုးရ၏ မလျှော်မကန် အလွဲသုံးစားပြုမူ လုပ်ဆောင်ချက်များကြောင့် ဒုက္ခရောက်ခဲ့ရသည့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု့ဆိုင်ရာ အကူအညီ ပေးရေးမူဝါဒကို ဆက်လက်ပြုလုပ်လျက်ရှိသည်။

ရေးသားသည့်ရက်စွဲ 11/10/2023

အထက်ဆုံးစာမျက်နှာသို့