ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ပြည်သူများအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု့ ပြင်သစ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးတွဲကြေညာချက် (ဒါကာ၊ ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ ၁၁-ရက်)

မြန်မာနိုင်ငံမှ အတင်းအကျပ် နေရပ်စွန့်ခွာ ရွှေ့ပြောင်းတိမ်းရှောင်စေခဲ့သည့် ရိုဟင်ဂျာများကို နေထိုင်စရာနေရာနှင့် လူသားချင်းစာနာထောက်ထားမှု့ အထောက်အပံ့များ နှစ်ပေါင်းများစွာ ပေးအပ်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရက်ရောမှု့ကို ပြင်သစ်နိုင်ငံက ဂုဏ်ပြုပါသည်။

ပြင်သစ်နှင့် ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာများ နေရပ်ပြန်ရေးကို နိုင်ငံတကာအစီအစဉ်များ၏ ဦးစားပေးကဏ္ဍများတွင် ထိန်းသိမ်းထားရှိရန် ကတိကဝတ် များကို ထပ်လောင်း အတည်ပြုလိုက်ပြီး၊ ရိုဟင်ဂျာများ ၎င်းတို့၏ဆန္ဒအလျောက် ဘေးကင်းလုံခြုံ၊ ဂုဏ်သိက္ခာရှိရှိနှင့် ဘိုးဘွားများ မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိခွင့်ပြုမည့် ရေရှည်တည်တံ့ခိုင်မြဲသော အခြေအနေများကို မြန်မာနိုင်ငံတွင် ဖန်တီးပေးရန် လိုအပ်ကြောင်း နှစ်နိုင်ငံက ထပ်လောင်းပြောကြားခဲ့သည်။

ဂမ်ဘီယာနဲ့ မြန်မာအကြား အပြည်ပြည်ဆိုင်ရာ တရားရုံး ရှေ့မှောက်၌ အငြင်းပွားမှု့ကိစ္စတွင် တရားမျှတမှု့နှင့် တာဝန်ခံမှု့ရှိစေရန် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှု့များကို ထောက်ခံခြင်းအားဖြင့် ပါဝင်ပတ်သက်မည်ဖြစ်ကြောင်းဆုံးဖြတ်ချက်ကို ပြင်သစ်နိုင်ငံက ကြေညာပါသည်။

ရိုဟင်ဂျာအရေး လူသားချင်းစာနာထောက်ထားမှု့ အကျပ်အတည်း အတွက် ကုလသမဂ္ဂ၏ ပူးတွဲတုံ့ပြန်ရေး အစီအစဉ်တွင် လုံလောက်သော နိုင်ငံတကာအကူအညီများ ရရှိစေရန်အတွက် ကူညီဆောင်ရွက်ပေးရန် ပြင်သစ်ကို ဘင်္ဂလားဒေ့ရှ်က တိုက်တွန်းထားပါသည်။ ဤအခြေအနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ စီမံချက်များမှတဆင့် ပြင်သစ်နိုင်ငံက ယူရိုငွေတစ်သန်း ထပ်မံပံ့ပိုးပေးမည်ဖြစ်ကြောင်း ကြေညာပါသည်။

ရေးသားသည့်ရက်စွဲ 15/09/2023

အထက်ဆုံးစာမျက်နှာသို့