ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ကြေငြာချက်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းယူခဲ့သည့် မြန်မာစစ်အစိုးရက ကိုဂျင်မီလို့ လူသိများသောစာရေးဆရာ ကျော်မင်းယု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ အပါအဝင် လူလေးဦးကို ကွပ်မျက်ရန် ဆုံးဖြတ်ကြောင်း ယနေ့ ကြေညာခဲ့ခြင်းကို ပြင်သစ်နိုင်ငံမှ ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွတ်လပ်မှုကို ခုခံကာကွယ်သူများကို နောက်တစ်ကြိမ် ထပ်မံ ပစ်မှတ်ထားရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
နိုင်ငံအတွင်း သေဒဏ်ပေးဆောင်မှုနှင့်ပတ်သက်၍ အနှစ်သုံးဆယ်ကျော်ရှိနေသည့် ဆိုင်းငံ့ထားမှုကို ဖောက်ဖျက်ခြင်းသည် ကြီးမားသောဆုတ်ယုတ်မှုတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ခုံရုံးများက သေဒဏ် ၁၁၃ မှုကို နိုင်ထက်စီးနင်း ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံသည် နေရာတိုင်းနှင့် အခြေအနေအရပ်ရပ်တွင် အဆက်မပြတ် သေဒဏ်ကို ဆန့်ကျင်ကြောင်း ထပ်လောင်း အတည်ပြုလိုပါသည်။
အာဏာသိမ်းမှု ရလဒ်ကြောင့် နိုင်ထက်စီးနင်း ဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန်၊ စစ်တပ်မှ ကျူးလွန်နေသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် သက်ဆိုင်သူအားလုံး အပါအဝင် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များ ဖေါ်ဆောင်ရန် ဆိုသော ၎င်း၏တောင်းဆိုချက်ကို ပြင်သစ်နိုင်ငံက ပြန်လည်တောင်းဆိုပါသည်။ တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားပါမည်။