၂၀၁၈ နိုဝင်ဘာ (၁၁) ရက်နေ့တွင် ထောက်ကြန့်စစ်သင်္ချိုင်း၌ ပထမ ကမ္ဘာစစ်ပြီးဆုံးခြင်း အခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး သည် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့် စစ်သင်္ချိုင်းတွင် နိုဝင်ဘာ (၁၁) ရက်နေ့ မနက်ပိုင်း၌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးမှ ကြီးမှူးကျင်းပသည့် ပထမ ကမ္ဘာစစ်ပြီးဆုံးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး Christian LECHERVY သည် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် သံတမာန်များရှေ့တွင် အမှာစကားပြောကြားပြီး အောက်မေ့ဖွယ်ပန်းခွေချခဲ့ပါသည်။ သံအမတ်ကြီးသည် ဒုတိယ ကမ္ဘာစစ်အတွင်းပါဝင်တိုက်ခိုက်ခဲ့သော မြန်မာစစ်သည်တော်များအား ဂုဏ်ပြုစကားကိုပြောကြားခဲ့ပြီး ပထမ ကမ္ဘာစစ်အတွင်း ပေးဆပ်ခဲ့ကြသော ကျဆုံးသူ (၉)သန်းနှင့် ဒဏ်ရာရသူ (၂၁)သန်း ရှိကြောင်းထောက်ပြခဲ့ပါသည်။

ထို့အပြင် ပြင်သစ်သမ္မတ E. MACRON၊ ဂျာမဏီအဓိပတိ A. MERKEL အတူ အခြားနိုင်ငံများမှခေါင်းဆောင်များပါဝင်တက်ရောက်သော ပြင်သစ်တွင်ကျင်းပသည့် အောက်မေ့ဖွယ်အခမ်းအနား၏ အဓိပ္ပါယ်ကိုလည်းရှင်းလင်းပြောကြားခဲ့ပါသည်။ နိုဝင်ဘာ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ ပါရီမြို့တွင်ကျင်းပသော ငြိမ်းချမ်းရေးဖိုရမ်၏ အရေးပါမှုနှင့် နိုဝင်ဘာလ (၁၂)ရက်နေ့တွင်Joseph Kessel-ပြင်သစ်အပြည်ပြည်ဆိုင်ရာအထက်တန်းကျောင်းတွင်ပြုလုပ်မည့် ၁၉၁၄ခုနှစ်က ပြင်သစ်နှင့် ဂျာမန်စစ်သားများရေးခဲ့သော စာများဖတ်ခြင်းအခမ်းအနား အကြောင်းကိုလည်းပြောပြခဲ့ပါသည်။

Discours de l'ambassadeur pour la Commémoration de la fin de la Première Guerre mondiale
L'ambassadeur dépose une gerbe de fleurs en l'honneur des combattants décédés
Les ambassadeurs de France et du Royaume-Uni et l'ambassadrice d'Allemagne font sonner les cloches pour commémorer la fin de la première guerre mondiale
Les représentants de l'ambassade de France saluent les vétérans birmans
L'ambassadeur dépose une gerbe de fleurs en l'honneur des combattants décédés

ရေးသားသည့်ရက်စွဲ 14/11/2018

အထက်ဆုံးစာမျက်နှာသို့