Student Visa/ကျောင်းသားဗီဇာ

  • ဓါတ်ပုံ (၂လက်မပတ်လည် နောက်ခံအဖြူ)
  • ဗီဇာကြေးကို မြန်မာကျပ်ငွေဖြင့်သာ လက်ခံပါသည်။ အကြွေအမ်းရန် အခက်အခဲ ရှိပါသဖြင့် ဗီဇာကြေး ပေးသွင်းသည့်အခါ ကျေးဇူးပြု၍ အကြွေဖြင့် ပေးသွင်းပါရန်။
  • မြန်မာဘာသာဖြင့် ရေးသားထားသော စာရွက်စာတမ်းများကို အင်္ဂလိပ်/ပြင်သစ် ဘာသာသို့ နိုတြိ ပြန်ထားသော မိတ္တူများဖြင့် ပူးတွဲတင်ပြရန်
  • မိတ္တူများအားလုံးကို A4 size ဖြင့်သာ ကူးပေးပါရန်
  • အနည်းဆုံးလိုအပ်ချက်များ၊ စာရွက်စာတမ်း အထောက်အထား (မိတ္တူနှင့်မူရင်းများ) မပြည့်စုံပါက ဗီဇာ လက်ခံဆောင်ရွက်နိုင်ခြင်းမရှိပါ။

ကျောင်းသားဗီဇာ(Student Visa)

၁. https://france-visas.gouv.fr/web/mm တွင်ပြည့်စုံစွာဖြည့်ထားသော barcode ပါလျှောက်လွှာ
၂. နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ တံဆိပ်ပါသော စာမျက်နှာများ၏ မိတ္တူ
၃. မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း (မြန်မာလိုမိတ္တူ/နိုတြိဘာသာပြန်မိတ္တူ)

  • ရက် ၉၀ နှင့်အထက်ကျော်လွန်၍ ပြင်သစ်နိုင်ငံတွင်သွားရောက် ပညာသင်ကြားလိုပါက အောက်ပါ စာမျက်နှာEtudes en France တွင် စာရင်းသွင်း၍ ကျောင်းလျှောက်ခြင်း၊ စာရင်းသွင်းခြင်း၊ ဘာသာစကားအရည်အသွေး စစ်ဆေးခြင်း၊အကြံဉာဏ်တောင်းခံခြင်း တို့ကို ဦးစွာ ဆောင်ရွက်ပြီး ကျောင်းသား ဗီဇာ လျှောက်ထားရန် ပြင်ဆင်ရပါမည်။
  • https://pastel.diplomatie.gouv.fr/etudesenfrance/dyn/public/authentification/login.html
  • Etudes en France မှတဆင့် အတည်ပြုထားသော ကျောင်းဝင်ခွင့် သို့မဟုတ် ကြိုတင် စာရင်းသွင်းခြင်း ထောက်ခံစာ။ (Etudes en France မှတဆင့် အတည်ပြုထားသော ထောက်ခံစာမတင်ပြနိုင်သော ဗီဇာလျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ။)
  • Motivation letter (ကျောင်းတက်လိုသည့်ရည်ရွယ်ချက် နှင့် မည်သို့ စီစဥ် ထား ကြောင်း)
  • ကျောင်းစားရိတ်အား မိမိကိုယ်တိုင် သို့မဟုတ် တဦးတယောက်မှတာဝန်ယူမည်ဆိုပါက

က။ အနည်းဆုံး ယူရို၆၁၅ နှင့်ညီမျှသော လစဉ်ဝင် ငွေ ရှိကြောင်း ဝင်ငွေအရင်းအမြစ် အထောက်အထားများ၊နိူင်ငံခြားတွင် သုံးစွဲနိုင်သော ( Debit/Credit Card account) ဘဏ်အကောင့်စာရင်း ၊ သို့မဟုတ် စာရင်းသေအပ်ငွေ

ခ။ တဦးတယောက်မှတာဝန်ယူမည်ဆိုပါက ငွေတာဝန်ယူမည့်သူ၏ ငွေကြေးဆိုင်ရာ တာဝန်ခံမှုကို ဆောင်ရွက်ရန် လုံလောက် သော ပုံမှန်ဝင်ငွေရှိကြောင်းအထောက်အထား ၊ ကျောင်းတက်နေသည့် ကာလ တလျောက်လုံး ကုန်ကျ စားရိတ်အားလုံးကို တာဝန်ယူကြောင်းစာ ၊ ပတ်စပို့ ပထမ စာမျက်နှာ၊အခြား စာရွက်စာတမ်းမိတ္တူတို့ကို တင်ပြရပါမည်။

  • ပြင်သစ်တွင် နေထိုင်စဉ် နေ့စဥ်အသုံးစားရိတ်အတွက် မည်သို့စီစဉ် ဆောင်ရွက်ထားကြောင်း အထောက်အထား။
  • ကြိုတင်စီစဉ်ထားသော တည်းခိုမည့်နေရာ အနည်းဆုံး(၃)လ
  • ကျောင်းမှစီစဥ်ပေးပါက ကျောင်းမှထောက်ခံချက် (သို့မဟုတ်) မိမိအစီအစဥ်ဖြင့်ကြိုတင် အိမ်ငှါးထားသော အထောက်အထား(သို့မဟုတ်) တဦးတယောက်အိမ်တွင်တည်းခိုမည် ဆိုပါက အိမ်ရှင်၏ အိမ်ပိုင်ဆိုင်ကြောင်း/အိမ်ငှါးဖြစ်ကြောင်း အထောက် အထား၊ တာဝန်ယူကြောင်းစာ၊ ID မိတ္တူ
  • လေယာဉ် လက်မှတ် Booking

ကျောင်းသားတစ်ဦးအတွက် ခန့်မှန်း ကုန်ကျစရိတ်၊ ပြင်သစ်သို့ မထွက်ခွါမှီ နှင့် ရောက်ရှိပြီး လုပ်ဆောင်ရန် အကြံပြုချက်များ ကို အောက်ပါ Campus France Website မှတဆင့် ကြိုတင်လေ့လာ ပြင်ဆင်နိုင်ပါသည်။

ပြင်သစ်ရှိအစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ ဖျော်ဖြေရေး နှင့် နေထိုင်မှုစရိတ် များ ကိုကြိုတင် ခန့်မှန်းနိုင်ရန်
https://www.campusfrance.org/en/preparing-budget-student-France

ပြင်သစ်သို့ သွားရောက်ရန် ကြိုတင်ပြင်ဆင်ခြင်းများပြုလုပ်ရန်
 [1]https://www.campusfrance.org/en/org...

ရေးသားသည့်ရက်စွဲ 04/11/2024

အထက်ဆုံးစာမျက်နှာသို့