ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်များအဆင့်မြှင့်တင်ခြင်းနှင့် မြို့ပြသတင်းအချက်အလက် ဖေါ်ပြသည့် ဆိုင်းဘုတ်များတပ်ဆင်ရန်အတွက် နှစ် (၂၀) သီးသန့်စာချုပ်ကို FMIDecaux ချုပ်ဆို

FMIDecaux သည် မြန်မာကုမ္မဏီအုပ်စု First Myanmar Invesment နှင့် လမ်းပရိဘောဂနှင့် ကြော်ငြာဆိုင်းဘုတ်များ ကဏ္ဍတွင် အထူးကျွမ်းကျင်သော ပြင်သစ်ကုမ္မဏီ JCDecaux တို့ဖက်စပ်တည်ထောင်ထားသောကုမ္မဏီဖြစ်ပါသည်။ ထိုဖက်စပ်ကုမ္မဏီသည် ရန်ကုန်မြို့ရှိ လမ်းပရိဘောဂဒီဇိုင်းရေးဆွဲခြင်း၊ တပ်ဆင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် နှစ် (၂၀) သီးသန့်စာချုပ်တင်ဒါကို ၂၀၁၇ ခုနှစ်အကုန်တွင် အနိုင်ရရှိခဲ့ပါသည်။
ရေတိုကာလတွင် FMIDecaux ဘတ်စ်ကားမှတ်တိုင် (၅၀၀) နှင့် မြို့ပြသတင်းအချက်အလက် ဖေါ်ပြသည့် ဆိုင်းဘုတ် (၅၀၀) ဆောက်လုပ်ရန် တာဝန်ယူမည်ဖြစ်ပြီး၊ ၂၀၁၈ ဇွန်လမှစ၍ မြို့လည်ရှိ ဘတ်စ်ကားမှတ်တိုင်များ အစားထိုးဆောက်လုပ်ခြင်းဖြင့် ဤလုပ်ငန်းကိုစတင်မည်ဖြစ်သည်။
FMIDecaux ဖက်စပ်ကုမ္မဏီ၏ လုပ်ဆောင်မည့် လုပ်ငန်းပုံစံသည် JCDecaux ၏ သမိုင်းဝင် လုပ်ငန်းပုံစံနှင့်အလားတူဖြစ်သည်။ ဆိုလိုသည်မှာ ဆောက်လုပ်မည့်လုပ်ငန်းကုန်ကျစရိတ်သည် ပြည်သူ့ ဘဏ္ဍာငွေမှမဟုတ်ဘဲ ဘတ်စ်ကားမှတ်တိုင်များတွင် ကြော်ငြာသောလုပ်ငန်းများမှရရှိမည့် ဝင်ငွေဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဆိုအရ « ယခုစာချုပ်သည် ရန်ကုန်မြို့အတွက်အထင်ဂရမှတ်ကျောက် တစ်ခုဖြစ်ပါသည်။ FMI နှင့် JCDecaux တို့၏ဖက်စပ်လုပ်ငန်းသည် ရန်ကုန်မြို့ဘတ်စ်ကားလိုင်းပြုပြင်ပြောင်းလဲခြင်းကို ပြီးပြည့်စုံစေသော ခရီးလမ်းလုံခြုံမှုနှင့် ထိရောက်မှုကိုပြုလုပ်ပေးသွားမည် ဖြစ်သည်။ »

ရေးသားသည့်ရက်စွဲ 24/01/2018

အထက်ဆုံးစာမျက်နှာသို့